ငရဲခန်းက ရှင်သန်ခြင်း
ကျွန်တော်နမည် ကိုဇွဲပါ။ အသက်က1999 ခုနစ်
8လပိုင်း11ရက်နေမှ မွေးခဲ့ပါတယ်။
ကျွန်တော ဒီအကြောင်းဘယ်ကနေ စပြောရမလဲ ကျွန်တော်စဉ်စားရခတ်နေတယ်ဗျ။
ကျွန်တော် ဇန်နဝါရီ 1လပိုင်း 31ရက်နေကစပြောမယ်
အဲ့ဒီနေက တနဂ်နွေနေ့ထင်တယ် ဗျ။ ဟုတ်တယ်
အဲ့နေက ကျွန်တော့ အလုပ်နားတဲ့နေ
ရုံး၀န်ထမ်းတော့မဟုတ်ပူး။။ ညစောက်လုံခြုံရေး
၀န်းထမ်း အနေနဲ့ အလုပ်လုပ်နေရတာပါ။ညစောင်
ကျွန်တော်မနတ်ပိုင်းတွေအနားယူပီး နေပိုင်းအချိန်မှာ ကိုးရီးယားဘာသာစကားသင်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်ခဗျာ။
ကျွန်တောမှာရည်မှန်းချက်ရှိတယ်ဗျ။ အဲ့တာဘာလဲဆိုရင် ပြည်ပမာ အလုပ်တွေလုပ်ပိုက်ဆံစုပြီ
မြန်မာပြည်မာစီးပွားရေးပြန်လုပ်ခြင်တဲ့ အိမ်မက်လေးဗျ။
ဒါပေမယ် ကျွန်တော်ဘ၀တွေ ပန်းတိုင်တွေပြိုလဲသွားတဲ့ နေ့လေတစ်နေဆိုရင်လဲမမှားပါဘူး
ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံမှာ ရှိတဲ့ လူငယ်တွေရဲ့
အိမ်မက်ဆိုးကြီး ပြိုကြ ပျက်စီးစေတဲ့ နေ့တစ်နေ့..........ပေါဗျာ။
2021 ခုနစ် ဖေဖော်ဝါရီလ 1ရက်နေ့ မတိုင်ခင်ည12နာရီအချိန်ပေါ့။
ရန်ကုန်မာ
အဲ့အချိန်က လူသွားလူလာသိပ်မရှိပူးလေးဗျ ညခင်း Taxi ဆွဲတဲ့ကားလေးတွေပဲရှိတာ။ ကျွန်တော်မှိန်ပြပြ ဓာတ်မီတိုင်အောက်ကနေပီတော့ 24hours ABCဆိုင်လေးမှာ ဘီယာအရှည်နစ်ဗူး၀ယ်ပီးပြန်လာတာ ....။
တာမွေဆိုတော့သိတဲ့အတိုင်းပဲ မှိန်ပြပြ ပန်းရောင်မီးရောင်တွေရဲ့ တိုက်ခမ်းလေးတွေနောက်မှာ ညနတ်သမီးလေးတွေ ကြီးဆိုးနေတယ်။
လမ်းကြားလေးတွေထည်းမာ ပလုံကောက်ပီး ဘ၀ရက်တည်နေတဲ့ လူကြီးလူငယ်လေးတစ်တွဲ
သုံးဘိမ်းတွန်းလည်းလေးကို ရပ်ပီ တာမွေဈေးနာက အမှိုက်ပစ်ဗှုံး တွေထည် ပလပ်စတစ်ဗူးခွဲ ဘီယာဗူးခွံလေးတွေ ရှာဖွေပီ နေစဉ်၀မ်းရေးရှာဖွေနေကြတာပေါ့။
တာမွေလမ်းဆုံးမီးပွိုင့်မာ ပန်းရောင်းတဲ့ခပ်ငယ်ငယ်ကောင်လေးတွ မီးပွိုင်မိနေတဲ့ကားတွေကို ပန်းကိုအလုအရပ်ရောင်းနေကြတာပေါ့။
အဲ့အချိန်မာ စစ်အရောင်ကားကြီး4စီး စစ်သားတွေအပြည်နဲ့ တာမွေလမ်းဆုံကနေ တာမွေအဝိုင်းဘတ်ကို အရှိန်အဟုန်ပြင်းနဲ့ မောင်းထွက်သွားေလးတယ်။
အချိန်ကတော့ မနတ်1နာရီလောက်ရှိပီပေါ့။
ကျွန်ေတာ်ကညခင်းလုံခြုံရေ၀န်းထမ်းဆိုတော့
အဲ့အချိန်ကအိပ်လိုမပြောသေးပူးလေးဗျာ
ဘီယာဗူးလေး၀ယ်ပီး တာမွေဈေးဘေးနာက တစ်လ (လေးသောင်း) ပဲပေးရတဲ့တိုက်ခန်းလေးကို
ကျွန်တော့ချေလှမ်းတွေ ခပ်သွပ်သွပ်လျှောက်လာခဲ့တယ်။
ပတ်၀န်ကျင်ကတော့ မှိန်ပြပြ မီးရောင်တွေ မှိတ်တုပ် မှိတ်တုပ် အလင်းရောင်ဖျော့ဖျော့လေးတွေနဲ့
တိပ်ဆိပ်ငြိမ်သက်နေလေရဲ့။
တိုက်ခန်း တံခါး သော့လေးကို ဖွင့်ရင် ကျွန်တော် ၅လွာ တိုက်ခန်းလေးကို ဘီယာဗူးလေးဆွဲကာ တစ်လှမ်းခြင်းတက်လာခဲ့ပါတယ်။
ကျွန်တော်က တစ်ယောက်ထည်းနေတာမဟုတ်ပူးဗျာ သူငယ်ချင်း၄ယောက်။ တစ်ယောက်၄သောင်းစုပြီး တိုက်ခန်းလေးငှါးပီးနေတာ အဲ့တုန်းက တိုက်ခန်းငှါးခတွေက သိပ်ပြီ ဈေးမကြီးပူးလေး.....။
ကျွန်တော်၏ တံခါး ဖွင့်သံကြောင့် ကိုမောင်အေးနိုးကာ တံခါးရှိရာ သို့ ထလာသည်။
" ဟျောင့်" ငဇွဲ ညကြီး အချိန်မတော် ဘယ်သွားတာတုန်းဟ".......။ လက်မာလဲ ဘီယာ ဗူးတွေနဲ့ဟ။
"ဘာမမဟုတ်ပါဘူး" ကိုရီးယာ အိပ်လိုမရလို ဘီယာသွားဆင်း၀ယ်တာ....။။ ပါ.။
ကိုရီးက ဘာလိုနိုးနေတာလဲ သေးထပေါက်တာလား။။
"ဟာ " မဟုတ်ပါဘူးကွာ.....။ တံခါး ဖွင့်သံကြားလို နိုးလာတာ။
"အော်"။ သောက်မယ်ကိုရီး ဘီယာ။
တော်တော်" နေပါစေကွာ ညနေကပဲ ၀င်းအောင်တိုနဲ့သွားသောက်ပီ ပြန်လာတာ အဲ့ကောင်တွေ သောက်ပြီ မှောက်နေပီ။
"လုပ်ပါ ကိုရီးယာ တစ်ရောက်ထည်းပျင်းလို တစ်ယောက်တစ်ဗူးသောက်ပီး အိပ်ကြတာပေါ့။"
"အေအေ အဲ့ဒါဆိုလဲသောက်ကြတာပေါ။ ခနနေဦး ညနေက ကြော်ထားတဲ့ ကြက်ဉကြော်လေးသွားယူဦးမယ်။။။"
အဲ့သလိုနဲ့ ကျွန်တော်နဲ့ ကိုမောင်အေး ဘီယာတစ်ရောက်တစ်ဗူး ကြက်ဉကြော်အမြည်းလေးနဲ့ စကားပြောရင် သောက်ကြစားကြတာ....။
နာရီးပြန် ၂နာရီးခွဲလောက်မ အိပ်ရာ၀င်ကြတယ်။
ဒီတိုက်ခန်းမာ ကျွန်တော်တို (လေးယောက်)ပေါ
ကိုမောင်အေး၊ ကို၀င်းအောင်၊နောက်တစ်ယောက်က ကျွန်တော်နဲ့ရွယ်တူပဲဗျ အောင်လင်း တဲ့ ကျွန်တော်အပါအ၀င် လေးယောက်ပေါ့ဗျ။
အကုန်လုံးက ရန်ကုန်ကို အလုပ်လုပ်မယ်ဆိုပီးတက်လာကြတာ နယ်ကတော့မတူပါဘူး
ကိုမောင်အေးက ရခိုင်သားဗျ၊ ရခိုင် ပြည်နယ်မာ တိုက်ပွဲတွေဖြစ်တော့ ရန်ကုန်ကို တက်လာတာ
ရန်ကုန်မာသောင် တင်နေတာပေါ့ အလုက်ကတော့ ကြုံရာကျပန်းပေါ့ဗျာ ။
ကို၀င်းအောင်က အနေအေးတယ် သေသေသပ်သပ်လေးနဲ့ မြန်မာပလာဇာမာ အလုပ်လုပ်တယ်လိုပဲပြောတယ် ။
အောင်လင်းက တော့ ဂျပန်သွားမို စာလုပ်နေတဲ့ကျောင်းသားပေါ့.......။
2021 /ဖေဖော်ဝါရီ /1 ရက်နေ
"ဟလို"....."ဟလို" ယီးကွာ ဖုန်းလိုင်းတွေကလဲ ဘာလိုဖြစ်နေမှန်းမသိဘူး....။ "
မနတ်စောစော ဖုန်းခေါ်မရလို စိတ်စိုးနေတဲ့သူက ကိုအောင်လင်း.....။
"ကိုအောင်လင်း ဘာဖြစ်တာလဲဗျ မနတ်စောစောစီးစီး"
ဟု ကျွန်က အိပ်ခြင်မူတူနဲ့ မေးလိုက်ပါသည်။
"အေ" ဟုတ်တယ်... မနတ်စောစောငါအိမ်ကိုဖုန်းဆက်တာဖုန်းလိုင်းတွေကြကြနေလို...."။
"ကိုအောင်လင်း" "အောက်ဆင်းပြီး ဖုန်းသွားပြောလေးဗျာ အောက်မာ မိခြင်မိမာပေါ့..."။
ကျွန်တော်အိပ်ရေးပြတ်လို အောက်ကို နှင်လွတ်လိုက်သည်။
ကိုအောင်လင်းလဲ အခန်းတံခါးသော့ကိုင်က အောက်သို ဆင်းမယ်အလုပ်။
"ကိုအောင်လေး "ညီကို မုန့်ဟင်းခါးတစ်ပွဲ ၀ယ်လာပေးပါလား ညီ အပေါ်ရောက်ရင် ပိုက်ဆံပေးမယ်။
"အေအေ"
အစုံထည့်နော် "ကိုအောင်းလင်း"
ကျွန်တော် မှေးခနဲ့ အိပ်ပြောသွားလေးသည်။....ခနအကြာ
"ငဇွဲ" ဟျောင့် ထထ ......။
ဘာဖြစ်တာလဲဗျ အလန့်တကြား.....။
ကိုမောင်အေးရေ....။ ကို၀င်းအောင်....။
"ထထ" အရေးကြီးတယ်ဗျ.... အရေးကြီးတယ်
အရှေ့ကို လာကြဦး....။
နာရီးက မနတ်၆နာရီးခွဲနေပီး
"ဟာ အငယ်လေးရာ ပြူတူပြဲတဲ့ ဘာဖြစ်တာလဲ အလန့်တကြား.....။
ကိုရီး သတင်းထည်းမာ စစ်တပ်က အာဏာသိမ်းလိုက်ပီးတဲ့......။
"ကို၀င်းအောင်" ဟာ မဟုတ်တာကွာ။။။။
ပေါက်တကရတွေ.....။
တကယ်ပြောတာ ကိုရီးရ အောက်မာ လူတွေ စုနေကြတယ် လက်ဖတ်ရည်ဆိုင်တွေမာကော ။။။။။
"ဟမ်".... "ဟုတ်လား"
ကိုမောင်အေးက ၀ရံတာသို့ပြေးသွား အပြင်သို့ကြည့်လိုက်သည်။
"အေ" ဟုတ်တယ်ဟ......။
ဟိုကောင်တွေ လာကြည့်ဦး ဒီကို....။
ဟုတ်တယ်ဗျ။ အောက်မာ လူတွေစုပီး ဟို တစ်စု ဒီတစ်စုနဲ့။ ပြောဆိုသံတွေ ကားဟွန်းတီးသံတွေ
ဆူညံနေလေရဲ့။ ဗျ
ကျွန်တော်တိုလဲ သတင်းကိုဖွင့်ကြည့်လိုက်ရာ....။
"ဖေဖော်ဝါရီ ၁ ရက် မနက်အချိန်အခါတွင် တပ်မတော်က အာဏာသိမ်းယူလိုက်ပြီ ဖြစ်ကြောင်း....."
"နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များ၊ အန်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးဖြစ်ကြောင်း
မြ၀တီရုပ်သံလိုင်းနှင့် MRTV ရုပ်သံလိုင်းတိုက ကျေညာလိုက်ပါသည်။"
"ဟာ..... "
ကျွန်တော်တို လေးယောက် ကြောက်လန့်သွားကြက ပစပ်အဟောင်းသားဖြစ်ကုန်ကြတယ်။
"ကိုမောင်အေး" ဘယ်လိုလုပ်ကြမလဲဗျ....။
အခြေအနေက သိပ်မဟန်ဘူးတဲ့ တူတယ်။
ကြည့်ရတာ ရုပ်ရုပ်သဲသဲတွေ ဖြစ်တော့မယ်ထင်တယ်။
ဟု ကျွန်တော် က ကိုမောင်အေးကိုပြောလိုက်သည်။
ထို့အတွင် ကိုမောင်အေးက .....။
"ခနနေ ဦး အခြေအနေ စောင့်ကြည့်ကြဦး ဘာမှန်းသေသေ ချာချာ မသိကြသေးဘူး"။
"ရုပ်ရုပ်သဲသဲဖြစ်လာရင်...မင်းတိုအဓိက စာရွက်စာတန်းတွေ သေသေချာချာ သိမ်းထား..."။
"ဟုတ်"
ကျွန်တော်တိုလေးယောက် မှတ်ပုံတင်တွေ သန်ခေါင်စရင်းတွေ ကိုယ်နဲ့မကွာ ယူထားကြတာပေါ့....။
ကျွန်တော်လယ် အပြင်ကိုသွားရောက်လေ့လာမို
ကျန်တဲ့ ၃ယောက်အား ပြောပီးထွက်လာတာပေါ့.
" အကိုရီး" ညီအပြင်သွားလိုက်ဦးမယ်....။
ကျွန်တော်လယ် ပစ္စည်အစုံပါတဲ့ လွယ်အိပ်လေးကိုလွယ်ပီး.......။ ကျွန်တော်နေတဲ့ တိုက်ခန်း ကနေ
ဆင်းလာခဲ့ပါသည်။
ဟုတ်တယ်ဗျ... စစ်သား တွေ သေနက် တွေ တစ်ကားကားနဲ့ နေရာတိုင်းမာတွေ့တယ်.....။
လမ်းကြိုလမ်းကြားတွေမှာ နစ်ယောက်တစ်တွဲ
သုံးယောက် တစ်တွဲနဲ့......။
လူတွေကလယ် ဈေးတွေမာ စားသောက်ကုန်တွေ အလု အရက်၀ယ်သူက ၀ယ်နေကြ...။
ကားတန်းတွေက ပိတ်သထက် ပိုပိတ်လာကြတယ်။
ဆန်ဆိုင်မာဆိုရင် ဆန်တွေ ဈေးတက်မှာဆိုလို ဈေး၀ယ်သူက ၀ယ်ယူနေကြတာ။
ဆီဆိုင်မာလည်း ကားအကြီးအသေး တန်းစီနေကြတာ မျင်ရတာ ကျက်သီးတွေပါထတယ်။
ကျွန်တော်လယ် ယုဇနပလာဇာကို လိုင်းကားနဲ့သွားတာပဲဗျ... ကားတန်းကြီးက တစ်ရွေ့ရွေ့နဲ့ စိတ်မရှည်လို.... ကားပေါ်ပါ... ဘဲလ် ကို တီးက ဆင်းလာခဲ့လိုက်တယ်...။
ကျွန်တော်၏ ခြေလှမ်းများ မြန်သထက်မြန်လာလေတယ်...။
ကျွန်တော်လယ် ယုဇနပလာဇာ ထည်း၀င်ပီး ဈေးလေးနယ်နယ်း၀ယ်ကာ မိမိ တိုက်ခန်းရှိရာသို ပြန်လာခဲ့တာပေါ့.....။
အချိန်က နေ့လယ် ၂နာရီကျော်ပီ လူတွေတစ်စတစ်စ ကျဲလာခဲ့တယ်...။ ဆိုင်တော်တော်များများလယ် ပိတ်ခါစပြုနေပီး။
မှတ်မိပါသေးတယ်... ကိုဗစ်ကာလကြီးတုန်းကလို
မြို့ပြကြီးက မြို့ပျက်ကြီးသဖွယ် လမ်းမတွေပေါ် ခွေးလေခွေးလွင့်ဟု ၍ တစ်ကောင် မျှပင်မရှိချေ..။
ကျွန်တော်လယ် တိုက်ခန်းသို့ရောက်ကာ ဈေးပစ္စည်းတွေ နေရာချပီး မိမိ အိပ်ယာပေါ်သို ခြေကုန်ပစ်လဲကာ အိပ်ချပစ်လိုက်သည်။
ညနေ၄နာရီးခွဲ ကျွန်တော် အလုပ်သွားရင်ကောင်းမလားစဉ်းစားနေတာ.....။ ဒါပေမယ် မသွားတော့ပူးဆိုပီး စိတ်ဆုံးဖြတ်ချက်ခြလိုက်တာပေါ့။
ရေချိုးပီး ထမင်းဟင်းချက်က ညစာအတွက် ပြင်ထားတယ်။
လက်ဖတ်ရည် တစ်ထုပ်အားဖျော်ပီး ဆေးလိပ်လေးနဲ့ ၀ရံတာ ရှေ့ သို့ ထွက်ထိုင်နေတယ်။
သိတဲ့အတိုင်းပဲဗျ စစ်တပ်ကတော့ အာဏာသိမ်းပြီး ပြည်သူ အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးတာ ထိန်းသိမ်း ထောင်ချပစ်တာတေ ဆက်တိုက် လုပ်လာတယ်..။ ကျွန်တော်တို့လယ် ဘာမမတက်နိုင်ကြပူးလေး......။
၃ရက်၄ရက်လောက် တိုက်ခန်းမာပဲနေပီး သတင်းတွေပဲ ကြည့်နေကြတာပေါ့...................ဗျ။
......................................................................................
ဖေဖော်ဝါရီလ ၅ရက် ၂၀၂၁
(ည ၉နာရီ)
" ဟျောင့်" ငဇွဲတို့ ကိုမောင်အေး....
ကို၀င်အောင်က ခေါ်လိုက်တယ်.....
ကိုမောင်အေးက "အေ" ဘာဖြစ်လိုလဲ ...။
" ၆ရက်နေ မနတ်ဖြန် တစ်နိုင်ငံလုံး ဆန္ဒပြပွဲရှိတယ်တဲ့...။"
"ကိုရီး ..ဘယ်မှာ ဆန္ဒပြကြမာလဲ "
လှည်းတန်းမှာ ဆန္ဒသွားပြကြမာ... "ဟုတ်လား"
ကိုမောင်အေးက" ငါတို အကုန်လုံးသွားကြမယ်..."
......................။
ဖေဖော်ဝါရီလ ၆ရက်နေ ၂၀၂၁
မနတ် ၈နာရီ
(မြန်မာ အချိန်ကတော့ ပြာသိုလပြည့်ကျော် ၁၀ရက် စနေနေ့)
အဲ့သလိုနဲ့ကျွန်တော်နဲ့ ကိုမောင်အေး ကို၀င်းအောင်က ၆ရက်နေ မနတ် စောစောအိပ်ယာထက အင်ကျီအဖြူ
ဂျင်းဘောင်းဘီးနဲ့ လူမကွဲအောင် ဆင်တူ၀တ်ကာ သွားကြတာပေါ့........။
လူတွေလူတွေများ ရပ်ကွက်အလိုက် တန်းဆီနေတာပဲ စာရွက် ဆိုင်းဘုတ်လေးတွေကိုင် အများကြီးပဲဗျာ...။ အကုန်လုံးက ဒေါသတွေအပြည်နဲ့
ဒါပေမယ် ကျွန်တော်တို ပြည်သူတွေကတော်တယ်ဗျ....။ ကောက်ရိုးမီးသဖွယ်မဖြစ်ပူး.....။။ အေအေဆေးဆေ ဆန္ဒပြကြတာပေါ့.... ငြိမ်းချမ်းစွာ ဆန္ဒ ပြကြတယ်.....။
ကျွန်တော်တို လှည်းတန်းဘတ်ကိုရောက်တော့မယ်ဗျ အားလာလား လူအုပ်ကြီးက နည်းတာ မဟုတ်ပူး... ကျွန်တို ၃ေယာက်လည်း လူအုပ်နဲ့ ပေါင်းကာ ချီတက် ဆန္ဒ ပြကြတာပေါ့.........။
........…...................................................................
ဖေဖော်ဝါရီလ ၇နစ်ရက် ၂၀၂၁
(ပြာသိုလပြည်ကျော် ၁၁ရက် တနဂ်နွေနေ.)
"ဒို့..... ပြည်သူတွေညီရဲ့လားဟေ့.....ညီတယ်ဟေ...ညီတယ်ဟေ့... ဆန္ဒ.....ဆန္ဒ... ပြ...ပြ...
အရေးတော်ပုံ....အောင်ရမည်.....အရေးတော်ပုံ...
အောင်ရမယ်......"
ကျွန်တော်နဲ့ ကိုမောင်အေး၊ကို၀င်အောင် သုံးရောက်သား...။ ဒုတိယ တစ်ရက်အနေနဲ့ ဆူလေဘတ် ချီတက်လာခဲ့ကြတယ်။.....။
ကျွန်တော်တို စုရက် အနေနဲ့ သခင်မြပန်းခြံ အရှေ့မှာ လူအုပ်ကြီးနဲ့တိုးတာပေါ့ဗျာ။
နည်းတာမဟုတ်ဘူးဗျာ ရပ်ကွက်အသီးအသီး ရန်ကုန် ဆူလေအနီးနားမြို့နယ်အသီးသီးက လူတွေ
စုနေကြတာဗျ...။ကျွန်တော်တို သုံးယောက်အဖွဲက သခင်မြပန်ခြံရှေ့မာ စောင့်နေတာပေါ့.....။
"အကိုရီး... ဟိုမာ လူငယ်ခေါင်းဆောင်အချို့လာပီး...သူတိုနဲ့ပေါင်းပြီး... လိုက်ကြမယ်.....။"
" အေအေ" လိုက်ကြ။
ကိုမောင်အေးက ညီတို နစ်ယောက် လူကွဲမယ် သေသေချာချာ စုနေ လူကွဲရင် စိဝ်မပူနဲ့ ဒီနေရာမာပဲပြန်စုံမယ် ကြားလား....."
ကိုမောင်အေးက အသက်၂၇နစ်ဗျ သူက အချိန်တွေနေရာတွေ ပြောပြပီး ကျွန်တော်တို နဲ့အတူ လူကွဲသွားရင် အဲ့အချိန်ရောက်လို လူမတွေရင် ပန်ခြံရှေ့မာ စောင့်နေကြ ငါလည်းစောင့်နေမယ်ဆိုပြီး တူတူ ဆူလေးဘတ်သို သပိတ်စစ်ကျောင်းကြီးနဲ့ ချီတက်လာခဲ့ကြတယ်.......။
သပိတ်လူငယ်တွေရဲ့ သံပြိုင် သီဆိုသံတွေက ရန်ကုန်မြို့ကြီးကို တုန်ဟီနေလေတာပေါ့......။
"သပိတ်...သပိတ်... မှောက်....မှောက်......ဒို့ပြည်သူတွေညီရဲ့လားဟေ.....ညီတယ်ဟေ....ညီတယ်ဟေ...
သပိတ် ....သပိတ်...မှောက်...... မှောက်.... အရေးတော်ပုံ....အောင်ရမည်.....အရေးတော်ပုံ....အောင်ရမည်....
မင်းအောင်လှိုင်.......သေ..သေ။
ကျွန်တော်တိုနှင့်အတူ ပြည်သူသောင်းနဲ့ချီးတဲ့ပြည်သူတွေ ရဲ့ သီဆိုသံတွေ ဒေါင်းအလံကြီးကို လေပေါ်လွင့်ကာ ကြုံးဝါးနေကြတယ်။....
လူငယ်တွေတော်တယ်ဗျာ.... Maskမပါတဲ့သူတွေကို mask ဝေပေးကြတယ်...ရေသောက်ခြင်တဲ့သူတွေရေတိုက်ကြတယ်...... လူငယ်တွေညီချက်ဗျာ
စာဖွဲလိုကိုမရပူး.......
အဲ့သလိုနဲ့ ကျွန်တော်တို သပိတ်ကြီးက အင်အားအတော်ကြီးလာတယ် စစ်တပ်နဲ့ရဲ့တွေကလည်း ဖြိုခွင်းတာ ကျမ်းတမ်းရက်စက်လာခဲ့တာပေါ့ဗျာ..။
ကျွန်တော်တိုရဲ့ သပိတ်ကြီးက နစ်စဉ်မပျက်ဦးဆောင်ပီး ချီးတက်ခဲ့တယ်.....ကျွန်တော်တို သပိတ်ပျိုကွဲတဲ့နေစခဲ့တာပေါ့...........။
...................................................................................
ဖေဖော်ဝါရီလ ၂၆ရက် မနတ်အချိန်
ကျွန်တော်အပါအ၀င် ကိုမောင်အေး/ကို၀င်းအောင်တို ပါတဲ့ တာမွေသပိတ်စစ်ကျောင်းဖြိုးခွဲခံရပီး အဖွဲ၀င်တစ်ချို့ရဲ့အိမ်မာ ပုန်းနေခဲ့ရတယ်......။
အဲ့အထည်းကကို၀င်အောင်းက တိုက်ခန်းမာကျန်တဲ့ သုံးစရာအချို့သွားယူချိန်မာ တာမွေဗညာဒလလမ်း မှာ အရပ်၀တ်စစ်သားတွေရဲ့ဖမ်းစီးတာခံခဲ့ရတယ်။.........
" ကိုမောင်အေး..... ကျွန်တော်... တိုက်ခန်းခဏပြန်မယ် ပစ္စည်တွေယူပြီး ပြန်လာခဲ့မယ်။ ကြားလား"
"အေအေ" င၀င်း ... သေချာကြည့်သွားဦး....
တစ်ခုခုဆို ဖုန်းခေါ်လိုက်....ကြားလား....။
"အိုကေ" ကိုမောင်အေး......။
ထိုအတွင် ကို၀င်အောင် အခန်းတံခါးသော့တောင်းခါ ညနေ အချိန်၅နာရီကျော်လောက် တိုက်ခန်းသို ထွက်လာခဲ့ပါတယ်။..
ခနအကြာ......
တီး......တီ......
ဟလို..... ကိုမောင်အေး ....ကိုမောင်အေး......
ပြေးတော့ ကျွန်တော့ကို လိုက်ဖမ်းနေပီး.....ပြေးတော့ ဒီကောင်တွေ ဗညာဒလလမ်းမာအရပ်၀တ်တွေ နဲ့ ပြေးတော့...... တူ.....တူ....
ကိုမောင်အေး ထံ ကို၀င်အောင်ဖုန်း၀င်ကာ ပြောလက်စပြောပီး ဖုန်းကျသွားသည်။.........
"ကိုဇွဲ.... အချေအနေမဟန်တော့ပူး... ဒီ အချိန်ထွက် လိုလဲအဆင်မပြေပူး..... မနတ်စောစော ထွက်ရမယ်....။
"ဟုတ်"....အကိုရီး ညီတို မနတ် ဘယ်အချိန်ထွက်မလဲ....။"
"ငါတို...... ၈နာရီလောက် တာမွေ သပိတ်အဖွဲနဲ့ပေါင်းမယ်။" ဟုတ်ပီလား......။
ခု သပိတ်တွက်လို အပ်တဲ့ပစ္စည်းတွေသိမ်းထား....။
ပီးရင်လာယူမယ်.....။
ကိုမောင်အေးနဲ့ ကျွန်တော ညအချိန် အိပ်လိုမပြောခဲ့ပေး..... ကို၀င်အောင်က စစ်တပ်အရပ်၀တ်တစ်ချိုရဲ့ဖမ်းစီးခြင်းခံ ခဲ့ရတယ်။
ကျွန်တော်တို မလုံခြုံတော့ပါ...........................။
......................................................................................
(ဖေဖော်ဝါရီလ ၂၇ရက်နေ ၂၀၂၁ခုနစ်)
ကျွန်တောနဲ့ ကိုမောင်အေ သပိတ်အဖွဲတစ်ချိုက
၁၅၃လမ်း က သပိတ် ပစ္စည်တွေသွားယူချိန်မာ....
"ဟာ" ကိုမောင်အေး ဟိုမာ ကျွန်တော်တို သပိတ်ပစ္စည်းတွေ သိမ်းသွားပြီး......'"
ဟုတ်တယ်ဗျ ကျွန်တော်တို သပိတ်အဖွဲ ပစ္စည်တွေ မနတ် ၉နာရီခွဲလောက်မာ စစ်တပ်နဲ့ရဲ တွေ ဒလန်သတင်းပေးကြောင့် သိမ်းဆည်းခံခဲ့ရတယ်။
ထိုအတွင် ကိုမောင်အေးက
"ငါတို " တာမွေ OCEAN ဖတ်မှာ သပိတ်အဖွဲနဲ့ပေါင်းမယ်"
ကျွန်တော်တိုအဖွဲတွေလည်း သပိတ်အဖွဲကြီးနဲ့ပေါင်းပြီ ပျင်းပျင်းထန်ထန် စလှုပ်ရှားကြတာပေါ့..
နေလည်လောက်မာ တာမွေOceanဘတ်မှာ ကျွန်တော်တိုကို ရဲနဲစစ်သားတွေ အကြီးအကျယ်ဖြိုခွင်းခံရတယ်။
" ဒိုင်း......ဒိုင်....."
သေနပ်သံတွေ ထုရိုက်သံတွေ မီးခိုးလုံးကြီးတွေ
Ocean ရှေ့မှာ ဆူညံနေလေရဲ့
ရဲတွေရဲ့ ဖြို့ခွံ ခံရတဲ့အထည်းမာ ကိုမောင်အေး၊ကျွန်တော် တိုပါပါတယ်။
သပိတ်ကျောင်းသားတစ်ချို့ ဖမ်းဆီးခံခဲ့ရပီး။
တစ်ချို ရက်ရက်စက်စက် ထုရိုက်ခြင်း ခံခဲ့ရတယ်။..
ကျွန်တော်တို ပြေးမလွတ်တော့ပါ.....။
တာမွေ တံတားအောက်မာ စစ်သားတွေပိတ်ဆိုထားတယ် နောက်မာ ဟိုက်ဂျက်ကားနဲ့ ရဲတွေပါတယ်...
ဘုန်း ခနဲ့......... ကျွန်တော်တို အဖွဲ ဘာမှန်းမသိတော့...
ဟိုက်ဂျက် ရဲကားသည်... ကျွန်တော်တိုကို ကားဖြင့်တိုက် က ဖမ်းစီးခဲ့ေလသည်။
အရာအားလုံးဘာမမသိတော့... သေပီဟူ၍ပင်မသိလောက်ချေ... ခန္ဓာကိုပင် နာသည်ဟူ၍ မသိခြေ
ပတ်၀န်ကျင်သည် မှုန်ဝါးဝါးပင်ရှိတော့သည်။
ကျွန်တော လက်မောင်းကိုဆွဲချုပ်က မျက်နာကို ဖိနပ်ဖြင့်ကန်တာပင် နာသည်ဟု မသိတော့ပါ။
ကျွန်ပ်... အဖမ်းခံလိုက်ရပါသည်။.......။
ဆက်ရန်ရှိသးသည်။
Comments
Post a Comment